ဝေးမြေမှ သူငယ်ချင်းများအတွက်

Friday, October 9, 2009

အလွမ်း

ဘယ်နိုင်ငံပဲ ရောက်ရောက်
အချင်းချင်း ရွှေ လို့ပဲ ခေါ်ကြတယ်

ရွှေတိဂုံကို သတိရ
မဟာမြတ်မုနိကို သတိရ
ကျိုက်ထီးရိုးကို သတိရနဲ့
သတိရစရာတွေ အများအပြားပါပဲ။

မိသားစုကို လွမ်း
ပုဂံကို လွမ်း
ဧရာဝတီကို လွမ်းနဲ့
မျက်ဝါးမထင်ဖူးတဲ့ သူတွေကလည်း
ဝေးကွာခြင်း အသိတွေနဲ့
အလွမ်းဇာတ်တွေ ကကြတယ်။

အတိတ်တွေကြမ်းလို့
ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်
နည်းအမျိုးမျိုးနဲ့ ဆက်လျှောက်နေခဲ့ပေမယ့်
ရင်ထဲမှာ မြန်မာ ဆိုတဲ့အသိက
(ရင်ထဲမှာ....)
ကိုယ်စီ..ကိုယ်စီ ...ရှိနေကြဆဲပဲ။

လူမျိုးခြားရင် ခြား
ဘာသာခြားရင် ခြား
ခံယူချက်ကွဲပြားရင် ကွဲပြားမယ်
အိမ်လွမ်းတာခြင်းတော့ အတူတူပါပဲ။

နာကျင်မှုတွေ မေ့ထားပြီး
တချိန် ဆိုတာနဲ့
အပြောင်းအလဲ ဆိုတဲ့စကားလုံးတွေ
ခပ်ရေးရေး အနာဂတ်မှာ
ဖြစ်များဖြစ်လာရင် ဆိုတဲ့အတွေးနဲ့
သူတို့တွေ
လွမ်းဆွေးနေကြတယ်။

လင်းလက် (၁၀.၁၀.၂၀၀၉)


1 ယောက် ပြောသွားတယ်:

k2tmaung said...

k2 တို့ အကြောင်းရေးထားတာလား...:P အရမ်းကောင်းတယ်...:)

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.