Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

ဂျက်စပဲရိုးနဲ့ငါးပြားစေ့

Monday, March 16, 2009

ပေါ့ပေါ့ပါးပါးလေးပါ။ မြန်မာတွေနဲ့လည်း ပတ်သတ်တာလေး တစ်ခုပေါ့။
Pirates of the Caribbean ရုပ်ရှင်ထဲက Captain Jack Sparrow ကို အားလုံးပဲ
သိကြတယ်ဟုတ်။ ဂျွန်နီဒပ်ဖ် အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုပေါ့..။
အဲ့ဒီဇာတ်ကောင်ရဲ့ အဆောင်အယောင်မှာ ထူးခြားတာကို သတိထားမိရဲ့လား မိတ်ဆွေတို့။
ဟောဒါက Captain Jack Sparrow ရဲ့ ပုံပါ....
ဒီပုံလေးမှာဘာထူးခြားလဲတွေ့မိကြရဲ့လား..ဂျက်စပဲရိုးရဲ့ခေါင်းဆောင်းမှာ
တွဲလောင်းလေးကျနေတဲ့အဆင်တန်ဆာလေးကိုသေသေချာချာကြည့်မိလား...။
ပုံသေးနေလို့မမြင်ရရင်ဒီလိုခပ်ကြီးကြီးလေးပဲ
အောက်မှာသာကြည့်ကြတော့ဗျာ..။ဒီမှာ.........
ဒါက ဂျပန်က Disney Land လို့ခေါ်တဲ့ ဒစ်စနေကမ္ဘာမှာ ပြထားတဲ့.. ရုပ်ရှင်ကား
အမှတ်တရ ပစ္စည်းတွေထဲက.. Pirates of the Caribbean ရုပ်ရှင်ကားရဲ့ အမှတ်တရပစ္စည်း
တွေထဲက တွေ့ရတာပါ...။ သေသေချာချာ ကြည့်ရင်တစ်ခုခုနဲ့ တူနေသလိုလိုပဲလို့ ...မထင်ကြဘူးလားဗျ...။ ကဲ....ကျနော်ကတော့ ရှာရင်းဖွေရင်းနဲ့ တူတာလေးတစ်ခုကို တင်ပြပေးလိုက်ပါတယ်။ အောက်ကပုံလေးကိုသွားကြည့်ကြရအောင်...။

ဒါက ၁၉၅၅ ခုနှစ်ထုတ် ငါးပြားစေ့(အပေါ့) ပုံပါ..။ အဲဒီပုံစံနဲ့ဆင်တဲ့ ငါးပြားစေ့တွေကို
၁၉၆၅ ခုနှစ်နဲ့ ၁၉၆၆ ခုနှစ်တွေမှာလဲ..မြန်မာပြည်မှာထုတ်ခဲ့ပါသေးတယ်..။
တစ်ပုံစံတည်း ဖြစ်နေတာကတော့..ဒီ၁၉၅၅ ခုထုတ် ငါးပြားစေ့ပါ...။
ကဲ..သံသယတွေဝင်နေသေးလား ဘာမှလာထပ်မမေးနဲ့နော်..မပြောပြဘူး။

ဟိန်းမင်း

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.