Showing posts with label မိတ်ဆက်. Show all posts
Showing posts with label မိတ်ဆက်. Show all posts

ရီအင်ထရိုဂျူးဆင်း

Friday, October 9, 2009

ဘလော့ဂ်မရေးဖြစ်တာ လနဲ့ချီနေပါပြီ။ စာရေးပျင်းတာကြောင့်တော့ မဟုတ်တာ အပေါင်းအသင်း အရင်းခေါက်ခေါက်တွေ သိပါတယ်။ စာက တစ်ရက်တစ်ရက်၊ တစ်ပတ်တစ်ပတ် ရေးလိုက်ရတာလဲ အဖြူအစိမ်း ကျောင်းသားဘ၀ နီးပါးပါပဲဗျာ။ ကိုယ့်ဘလော့ဂ်လေးကိုယ် Sign In ဝင်လိုက်တယ်။ ရေးမယ်လုပ်တယ် ။ ပြီးတော့ ပြန်ထွက်သွားတယ်။ ဒီလိုနဲ့ ဒီလိုနဲ့.. ဒီလို ...နဲ့.....နဲ့....သွားခဲ့တာ အကြိမ်ပေါင်းကို မနည်းပါဘူး။

လည်ပတ်နေကြ ဘလော့ဂ်တွေနဲ့ ဘလော့ဂ်ဂါ မိတ်ဆွေတွေကိုလည်း မေ့တောင် မေ့လုလုဖြစ်နေပြီ။ (ကိုယ်က မေ့လုလု၊ သူတို့ကဆို သိတောင်သိတော့မှာ မဟုတ်ဘူး။) ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ဘလော့ဂ် ရေးရင် ရည်းစားအကြောင်းနဲ့ နိုင်ငံရေးအကြောင်းပဲ ဖြစ်ဖြစ်နေတယ်။ (ဟီး.. ကိုယ့်ဘာသာကိုယ် ဇီးရိုး ဇီးရိုး ဆဲဗင်း ထင်နေလား မသိဘူး။ :P ) သူများတွေလို ဖတ်ကောင်းတဲ့ စာတွေလည်း လှလှပပ မရေးတတ်တော့ ခက်ရောပဲ။
ကဲ.. တော်ပါပြီ။ (အင်းလေ.. ဘယ်သူမှလည်း ဖတ်မှာမဟုတ်တာကို တစ်ယောက်တည်း ထိုင်ရှင်းပြ နေတယ်။ ဟီး ) ဒါက ဘလော့ဂ်ပြန်ရေးတဲ့ အင်ထရိုပါ။ (ရှင်းပြန်ပြီ.. ဒီကောင်)

ဟီး.. ဘာရေးရမယ်မှန်း မသိလို့။ ရေးတော့ရေးမယ် ဘာရေးမယ်မှန်း မသိဘူးဆိုတဲ့ အကြောင်းပဲ အရင် လာရေးတာပါ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ (အာ..ဒီကောင် ငကြောင်ပဲလို့ ထင်ရင် ကြိတ်ပြီးပဲ မှတ်ချက်ပေးနော်။ ကွန်မန့် မထားခဲ့ကြနဲ့။ :P )

စတင်ခြင်း

Monday, March 16, 2009

မင်္ဂလာပါခင်ဗျာ.။ ကျွန်တော် ဘလော့ဂ်မရေးဖြစ်တာ ကြာခဲ့ပါပြီ..။ အရင်က ရေးထားပြီသား ဘလော့ဂ်တွေကို အကြောင်းတစ်ခုကြောင့် စိတ်မကောင်းစွာနဲ့ပဲ ဖျက်ပစ်ခဲ့ရပါတယ်..။

ဒါပေမဲ့ စာရေးချင်စိတ်ကို ဖျောက်လို့မရတာကြောင့် လက်ရှိနေ့စဉ်
ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေ အကြောင်းအရာတွေ အားလုံးကို တင်ပြပုံအမျိုးမျိုးနဲ့ ရေးသွားဖို့ ဆုံးဖြတ်ထားပါတယ်..။ သတင်းတွေပါမယ်..၊ အတင်းတွေပါမယ်..၊ ရေးချင်ရာရေးတာတွေ ပါမယ်ပေါ့ဗျာ..။ ဖတ်တဲ့သူတွေလည်း အဆင်ပြေသလိုဖတ်သွားပြီး အဆင်မပြေလည်း ဆဲသွားနိုင်ပါတယ်။ ၀ုန်းဒိုင်းကျဲပြီး ဆဲလို့မရအောင်တော့ စီဘောက်စ်မထားပေးတော့ဘူးဗျို့။ အဓိကထားပြီး ပြောချင်တာကတော့ ကျွန်တော်တင်မဲ့ သတင်းတွေကိစ္စပါ။ ဒီသတင်းတွေအားလုံးဟာ သတင်းအစစ်တွေပဲတင်မှာ ဖြစ်တဲ့အတွက် မှီငြမ်းသူတွေတော့ ကိုယ့်ကျင့်ဝတ်ကိုယ် အလေးထားဖို့ပဲ ပြောချင်ပါတယ်။ ၇-ရက်သားသမီးတွေ ကျန်းမာချမ်းသာကြပါစေ။
ဟိန်းမင်း
 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.