စတင်ခြင်း

Monday, March 16, 2009

မင်္ဂလာပါခင်ဗျာ.။ ကျွန်တော် ဘလော့ဂ်မရေးဖြစ်တာ ကြာခဲ့ပါပြီ..။ အရင်က ရေးထားပြီသား ဘလော့ဂ်တွေကို အကြောင်းတစ်ခုကြောင့် စိတ်မကောင်းစွာနဲ့ပဲ ဖျက်ပစ်ခဲ့ရပါတယ်..။

ဒါပေမဲ့ စာရေးချင်စိတ်ကို ဖျောက်လို့မရတာကြောင့် လက်ရှိနေ့စဉ်
ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေ အကြောင်းအရာတွေ အားလုံးကို တင်ပြပုံအမျိုးမျိုးနဲ့ ရေးသွားဖို့ ဆုံးဖြတ်ထားပါတယ်..။ သတင်းတွေပါမယ်..၊ အတင်းတွေပါမယ်..၊ ရေးချင်ရာရေးတာတွေ ပါမယ်ပေါ့ဗျာ..။ ဖတ်တဲ့သူတွေလည်း အဆင်ပြေသလိုဖတ်သွားပြီး အဆင်မပြေလည်း ဆဲသွားနိုင်ပါတယ်။ ၀ုန်းဒိုင်းကျဲပြီး ဆဲလို့မရအောင်တော့ စီဘောက်စ်မထားပေးတော့ဘူးဗျို့။ အဓိကထားပြီး ပြောချင်တာကတော့ ကျွန်တော်တင်မဲ့ သတင်းတွေကိစ္စပါ။ ဒီသတင်းတွေအားလုံးဟာ သတင်းအစစ်တွေပဲတင်မှာ ဖြစ်တဲ့အတွက် မှီငြမ်းသူတွေတော့ ကိုယ့်ကျင့်ဝတ်ကိုယ် အလေးထားဖို့ပဲ ပြောချင်ပါတယ်။ ၇-ရက်သားသမီးတွေ ကျန်းမာချမ်းသာကြပါစေ။
ဟိန်းမင်း

0 ယောက် ပြောသွားတယ်:

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.