သက်ဆိုင်သူသို့...(၃)

Monday, March 16, 2009

ကမ္ဘာပြိုတဲ့နေ့

မျှော်လင့်ထားသလိုပါပဲ
နောက်ဆုံးပင့်သက်တစ်ရှိုက်မှာ
နေဆယ်စင်းပြိုင်တူထွက်လာတယ်
ဖြတ်ကနဲပါပဲ...
ကမ္ဘာတစ်ခုလုံး
မျက်ရည်တွေအပြိုင်းအရိုင်းနဲ့
လောင်ကြွမ်းသွားခဲ့ပေမဲ့လည်း
သံယောဇဉ်ဓါးချက်တွေ
ရင်မှာမွနေအောင်ကျန်နေခဲ့တယ်
ဘာမှားနေခဲ့တာလဲ....။

တိုက်ရိုက်အချိုးချကြည့်တော့
ဘ၀ကမသေချာသလို
အချစ်ကလဲမရေရာခဲ့တာ
ကံကြမ္မာကိုပဲအပစ်တင်ရမှာလား...
အိမ်မက်တစ်ခုကအိမ်မက်တစ်ခုလိုပဲ
အချိန်တန်ရင်ပြီးသွားတာပဲလား...
မျှော်လင့်ချက်အပိုင်းအစတွေအတွက်
မနက်ဖြန်ဆိုတာကောရှိဦးမှာလား....။

ဟိန်းမင်း(16.9.2008)

0 ယောက် ပြောသွားတယ်:

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.