NGO တွေ Low Profile နဲ့နေပါ....။

Monday, March 16, 2009

ရန်ကုန်။ မတ်(၁၆)။
ပြည်တွင်းရှိ NGO များကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအထိ Low Profile ဖြင့်သာ လှုပ်ရှားကြရန် အစိုးရမှ ညွှန်ကြားချက် ပေးထားသည်ဟု ကြားသိရသည်။


“ ၂၀၁၀ မတိုင်မီအထိ လှုပ်ရှားမှုတွေအားလုံးကို သိုသိုသိပ်သိပ်လုပ်ကြဖို့ ပြောထားတာရှိပါတယ်။ အဲ့တာကြောင့် ပုဂ္ဂလိကအနေနဲ့ပြောလို့ရတာတွေပဲပြောနိုင်မယ်။ xxxxxxx (NGO တစ်ခုအမည်) အနေနဲ့တော့ ဘာကိုမှ ထုတ်ပြန်ချက်ပေးလို့မရသေးပါဘူး။ ” ဟု ပြည်တွင်း NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ NGO မှာ ကျန်းမာရေးနှင့်ပတ်သတ်ပြီး Campaign များပြုလုပ်၍ အဓိကထားလှုပ်ရှားနေသော NGO ဖြစ်သည်။

“ရေသန့်စနစ်နဲ့ပတ်သတ်ပြီး Delta Zone ထဲမှာ ပြဿနာတွေရှိနေတုန်းပဲ။ ဒေသတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီးလည်း အခက်အခဲတွေ၊ ပြဿနာတွေအများကြီး ရှိနေသေးတယ်။ လှုပ်ရှားမှုတွေအတွက် ဘာမှအထူးတလည် ထုတ်ပြန်ချက်တွေမပေးဖို့ ညွှန်ကြားထားတယ် ” ဟု အခြား NGO တစ်ခုကပြောသည်။ ဆက်လက်၍ ယင်း NGO က “ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေတင် မဟုတ်ဘူး၊ မြို့နယ်အဆင့်ကလူတွေနဲ့တောင် ပြဿနာမပေါ်စေဖို့ ညွှန်ကြားချက်တွေပေးထားတယ် ” ဟုပြောသည်။

“ နာဂစ်ဒဏ်ခံဒေသတွေက လှုပ်ရှားမှုတွေတင်မဟုတ်ဘူး ၊ တပြည်လုံးမှာ လုပ်နေတဲ့ တခြားဆောင်ရွက်ချက်တွေကိုလည်း တတ်နိုင်သမျှ RELEASE မလုပ်ဖို့ ညွှန်ကြားချက်တွေ ပေးထားတယ်။ HIV နဲ့ပတ်သတ်ပြီး ARV ဆေးတွေမလောက်ငှမှု ပြဿနာတွေဖြစ်နေတယ်။ အစိုးရက Register လုပ်ပြီးသား ဝေဒနာရှင်တွေကလွဲပြီး ထပ်ပြီး Survey မလုပ်ဖို့နဲ့ ဒေတာတွေမထုတ်ပြန်ဖို့ ညွှန်ကြားထားတယ် ” ဟု AZG(Holland) မှ ဆရာဝန်တစ်ဦးက ပြောသည်။

လက်ရှိတွင် ယင်းတို့စစ်တမ်းကောက်ယူရသမျှ ဒေသများ၌ပင် HIV ပိုးကူးစက်ခံရပြီးလူနာပေါင်း သိန်းချီရှိနေကြောင်း အဆိုပါဆရာဝန်ကပြောသည်။ အစိုးရမှမကြာသေးမီက ထုတ်ပြန်သော စာရင်းတွင်မူ မြန်မာပြည်တွင်း HIV ခံစားနေရသူ နှစ်သောင်းခွဲခန့်သာရှိကြောင်း ပါရှိသည်။
ဟိန်းမင်း

0 ယောက် ပြောသွားတယ်:

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.