ဘာမှန်းမသိခဲ့တဲ့...ည

Friday, March 20, 2009

ဘာမှန်းမသိခဲ့တဲ့...ည

ပန်းတစ်ခင်းရဲ့ရနံကိုစွန့်ပြီး

သစ်ရွက်လေးရဲ့အနားမှာ
ထိကပါးရိကပါးနေမိတော့
ငါ့ကိုအမည်တပ်ခဲ့တာ...
“ရင်မခုန်တတ်တဲ့...လေပြေ” တဲ့..........။

နူးညံ့တဲ့အနမ်းတွေနဲ့အတူ
ရခဲ့ဖူးတဲ့နားလည်ပေးမှု
အဲ့တာတွေအားလုံး “အတု” လို့တော့
နင်....မပြောလိုက်ပါနဲ့နော်
(ငါလေ...) ခံနိုင်ရည်ရှိမယ်မထင်ဘူး..........။

“အချစ်မပြတ်သူ”နဲ့
မချစ်တတ်သူစီးချင်းထိုးတဲ့
အဲ့ဒီညက...
အသက်ရှူတွေမှားရင်းနဲ့ပဲ
ယောင်ကန်းကန်း မိုးလင်းသွားခဲ့တယ်..........။

ဟိန်းမင်း

0 ယောက် ပြောသွားတယ်:

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.