နင်နဲ့ငါ (၁)

Thursday, May 14, 2009

ပြောစရာစကားလုံးတွေ ပြည့်ကျပ်နေတယ်...။ ငါနင့်ရှေ့ရောက်ရင်လည်း ဒီစကားတွေ
ပြောထွက်မှာ မဟုတ်ဘူးဆိုတာကို ငါနေသိတယ်ကောင်မလေး... ...။ ငါမှတ်မိသေးတယ်... ငါနင့်လက်ကလေးကို ကိုင်ပြီး “ချစ်တယ်” လို့ လေးလေးနက်နက်ပြောခဲ့တုန်းကလေ။
(အဲ့ဒီမတိုင်ခင်က နင်ငါ့နားမှာ ငြိမ်ငြိမ်လေး နားလည်ပေးနေခဲ့တာကိုငါသိပ်သဘောကျခဲ့တာပေါ့။)
နင်ပြောခဲ့တယ်... ချစ်သူတွေ ဖြစ်သွားရင် နားလည်ပေးနိုင်ချင်မှ နားလည်ပေးနိုင်မှာတဲ့...။ အဲ့ဒီမှာတည်းက ငါပြောခဲ့ပါတယ် နင့်စိတ်ကြိုက်ဖြစ်စေရပါမယ်လို့...။

ငါနင့်ဘေးနားမှာ လိုက်နေပေးတဲ့အချိန်ကလည်း နင်ငါ့ဘေးမှာ ရှိနေပေးတာလို့ပဲ
ငါမြင်နေခဲ့တာပါ။ နင် နားရှုပ်သွားပြီလား။ နင့်ကို ဥပေက္ခာပြုတဲ့သူကိုယ်စား ငါနင်ပျော်အောင်
လိုက်နေပေးခဲ့ရင်း ငါ့ဘေးမှာ နင်ရှိနေပေးတယ်လို့ မှတ်ပြီး နင့်ကိုချစ်မိသွားခဲ့တာ။ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်းရှိနေပေမဲ့ နင်က တခြားတစ်ယောက် ရှိကိုရှိနေမယ်လို့ တွက်ထားတာ
ငါအမြဲစိတ်မကောင်းဖြစ်ရတဲ့ အချက်ပဲ။ တကယ် မယုံသင်္ကာဖြစ်သင့်တာ ဘယ်သူလည်း။

နင်နဲ့ငါ အတူနေဖြစ်တဲ့ည (အဲ့ဒီညကလည်း နင်ဝိုင်တွေသောက်ထားပြီး အိမ်မပြန်နိုင်တဲ့
အခြေအနေမို့ကြိုတင်မကြံစည်ထားပဲနဲ့ ငါတို့အတူနေဖို့ စီစဉ်ဖြစ်သွားတာပါ။) နင့်အိမ်ကိုတောင်
ယုံကြည်အောင် ပြောပြီးခဲ့ပြီးတဲ့နောက်မှ နင့်ကိုအွန်လိုင်းမှာ သူ (နင့်အတွက်
မခိုနားလိုက်ရတဲ့ သစ်ပင်တစ်ပင်က) တစ်ခွန်းပြောလိုက်တာနဲ့..နင်ဘယ်လိုဖြစ်သွားခဲ့လည်း.။
စီစဉ်ထားပြီးသား အစီအစဉ်တစ်ခုက ဖျက်ဖို့တောင် နင်စဉ်းစားဖြစ်ခဲ့တာငါတွေးမိတိုင်း
စိတ်မကောင်းဖြစ်နေဆဲပဲ။ နင်နောက်ဆုံးအကြိမ်အဖြစ် အဲ့ဒီကောင်နဲ့ သွားတွေ့မယ် ဆိုတုန်းက
သူ့ကို ငါနင်နဲ့ပတ်သတ်ပြီးဘယ်လိုမှာခဲ့တယ်ဆိုတာ အဲ့ဒီကောင် နင့်ကိုအတိအကျပြန်ပြောမှာ မဟုတ်ဘူးဆိုတာလည်းငါသိတယ်။ ယောက်ျားမာနဆိုတာကို ချပြီး နင့်အတွက် နင့်ရင်ထဲကကောင်နဲ့
ငါစကားပြောခဲ့ရတယ်။သူနဲ့ပတ်သတ်ပြီး နင်ငိုချင်ငိုမိမယ်ဆိုပြီး ငါ့ကိုခွင့်တောင်းခဲ့ဖူးပေမဲ့...
ငါ့နဲ့ပတ်သတ်ပြီး နင်သိပ်မာကျောနေတာကိုတော့ ငါစိတ်မကောင်းမဖြစ်ပဲ မနေနိုင်ဘူး။

နောက်တစ်ခုက ဘယ်ယောက်ျားလေး လက်ခံနိုင်တဲ့ကိစ္စပါ..။ နင်ငါနဲ့ ချိန်းထားခဲ့တယ်..။
ငါသူငယ်ချင်းကိုပါခေါ်လာခဲ့တယ်။ ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ်လောက် ငါစောပြီးရောက်ခဲ့တာ
ငါဘယ်တော့မှ ဖျောက်မရတဲ့ မြင်ကွင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မထင်မှတ်တဲ့အချိန်၊ မထင်မှတ်တဲ့
နေရာမှာမထင်မှတ်တဲ့သူနဲ့ တွေ့ခဲ့တာပါတဲ့။ ဘာပဲပြောပြော ကော်ဖီဆိုင်ထဲ ငါဝင်လာတာကို နင်လုံးဝမမြင်ခဲ့တာအံ့သြမိသလို ဘာကြောင့်များ ငါ့ကိုယ်ငါ ဒီလောက်တောင် ထိန်းချုပ်နိုင်
သွားတာလည်းလို့ ငါအံ့သြမိခဲ့သေးတယ်။

အဲ့လို ငါ့ဘက်က မျက်စိနဲ့တပ်အပ် ပက်ပင်းတွေ့တာတွေကိုတောင် ငါနားလည်ပေး
နိုင်ခဲ့ပေမဲ့နင့်ဘက်ကျတော့ နင်သိပ်အတ္တကြီးလွန်းခဲ့တယ်။ နင်ငါ့ကိုချစ်တယ်လို့ ဖွင့်မပြောဘူးတဲ့..။ ချစ်တယ်ဆိုတာကိုနောက်ကွယ်မှာပဲ ပြောတယ်တဲ့..။ ဟုတ်မှာပါ...။ ဟုတ်မှာပါလို့ပဲ ခုထက်ထိ
ငါမြင်နေတုန်းပဲ။

တစ်ခုပဲ... နင်ကိုယ်နင်ကော သေချာရဲ့လား။ နင်ငါ့ကိုချစ်တာလား နင့်ကိုယ်နင်
ချစ်တာလား။ဒါကိုတော့ နင့်ဘာသာသေချာအောင် ပြန်သုံးသပ်သင့်တယ်။ လွန်ပြီလို့လည်း ပြောလို့ရ၊ မလွန်ဘူးလည်းပြောလို့ရတဲ့ အနေအထားတစ်ခုမှာ... နောက်ကွယ်မှာရော ရှေ့မှာတင်ရော..။ မချိတင်ကဲအသံတွေငါနားမထောင်ချင်ဘူး..။ ဘလော့ဂ်စာမျက်နှာတွေပေါ်မှာ လူတကာကို ငိုပြနေတဲ့
ကဗျာ အပိုင်းအစတွေလည်းငါမခံစားချင်ဘူး..။ တစ်ခုပဲ... နင်မယုံကြည်တဲ့သူကို နောက်ထပ် နင်ဘာအခွင့်အရေးမှ မပေးသင့်တော့ဘူး။

နှဖူးပေါ်လက်တင်ပြီး ဖြစ်ခဲ့သမျှတွေကို ပြန်သုံးသပ်သင့်တဲ့ အချိန်ရောက်ပြီထင်တယ်။
ဘ၀မှာ အပူတွေသိပ်များတယ်ဆိုတာ ကိုယ့်လမ်းငါလျှောက်ခဲ့တဲ့ ငါကပိုပြီးသိပါတယ်။ ဒါပေမဲ့
ပျော်နိုင်တဲ့ အချိန်လေးမှာတော့ မလိုအပ်တဲ့ ဒုက္ခရှာခံစားမှုတွေနောက်ကို ငါလိုက်ရင် ငါ့အတွက် ပျော်စရာအချိန်တွေရှိတော့မှာမဟုတ်ဘူး..။ နင်သိတဲ့ အချစ်က လွမ်းဆွေးခြင်းတစ်ခုတည်းလား.။ နင့်ကိုစတွေ့တည်းက ပျော်အောင်ထားပေးခဲ့တဲ့ငါ့ကို နင်ပေးနိုင်တာ မယုံကြည်မှုတွေနဲ့ ခနဲ့တဲ့တဲ့ စကားတွေပဲလား..။နင့်ကိုနင်ပဲ ပြန်သုံးသပ်ပေးပါ...။

1 ယောက် ပြောသွားတယ်:

k2tmaung said...
This comment has been removed by the author.

Post a Comment

 
ကျွန်တော့်ဒိုင်ယာရီ © 2008. Template by BloggerBuster.